အမေရိကန်ပြည်ထောင်စုအစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်

တရားမျှတမှုအတွက် ဆုငွေများ 

မြောက်ကိုရီးယား

North Korean flag icon

အပိုင်းများ

ဒေါ်လာ ၅ သန်းအထိ ဆုငွေ

01

မြောက်ကိုရီးယား၏ တရားမဝင်လှုပ်ရှားမှုများကို အလျဉ်ပြတ်စေဖို့ နိုင်ငံတကာ၏ ကြိုးပမ်းချက်များကို ပံ့ပိုးရန်အတွက် နိုင်ငံခြားရေးဌာန၏ တရားမျှတမှုအတွက်ဆုငွေများ အစီအစဉ် (RFJ) သည် ငွေကြေးခဝါချခြင်း၊ မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများ တင်ပို့ခြင်း၊ ထိခိုက်မှုများပြားစေနိုင်သည့် လက်နက်များ (WMD) တစ်ဟုန်ထိုး တိုးပွားလာခြင်းကို ပံ့ပိုးသည့် သတ်မှတ်ထားသော ဆိုင်ဘာ လှုပ်ရှားမှုနှင့် လုပ်ဆောင်ချက်များ အပါအဝင်၊ မြောက်ကိုရီးယားအား ပံ့ပိုးသည့် လှုပ်ရှားမှုအချို့၌ ပါဝင်သူများ၏ ငွေရေးကြေးရေးယန္တရားကို အလျဉ်ပြတ်စေသည့် သတင်းအချက်အလက်များအတွက် ဒေါ်လာ ၅ သန်းအထိ ဆုငွေများ ကမ်းလှမ်းနေပါသည်။
Play Video

ဤဌာနသည် အခြားအရာများအပြင် အောက်ပါတို့အကြောင်း သတင်းများ ၡာဖွေနေပါသည်-

guns-on-table.jpg

လက်နက်များ ရောင်းချခြင်းနှင့် ပို့ဆောင်ခြင်းများ-

စစ်တပ်နှင့်ဆက်နွှယ်သည့် လက်နက်များနှင့် အခြားအရာများကို မြောက်ကိုရီးယားမှ ပို့ဆောင်ခြင်း အပါအဝင်၊ ထိုကဲ့သို့သော ပစ္စည်းများကို မည်သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်မဆိုထံ မြောက်ကိုရီးယားမှ တင်ပို့ခြင်းအကြောင်း သတင်းအချက်အလက်များကို RFJ မှ ရှာဖွေနေပါသည်။

hands-on-keyboard.jpg

ဆိုင်ဘာစစ်ဆင်ရေးများ-

မြောက်ကိုရီးယားအစိုးရ၏ အကျိုးအတွက် ကမ္ဘာတစ်ဝှမ်းရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ခရစ်တိုငွေကြေးလဲလှယ်မှုများ အပါအဝင်၊ ဆိုင်ဘာလုံခြုံရေး လျော့ပါးစေရန် ကြိုးပမ်းသူများအကြောင်း သတင်းအချက်အလက်များကို RFJ မှ ရှာဖွေနေပါသည်။
shipping-containers-min.jpg

သင်္ဘောတစ်စင်းမှ တစ်စင်းသို့ လွှဲပြောင်းမှုများ-

မြောက်ကိုရီးယားမှ အစပြုသည့် ကျောက်မီးသွေးကို သင်္ဘောတစ်စင်းမှ တစ်စင်းသို့ လွှဲပြောင်းမှုများ သို့မဟုတ် မြောက်ကိုရီးယားသို့ ရေနံထွက်ပစ္စည်းများ ပို့ဆောင်နေခြင်းများအကြောင်း သတင်းအချက်အလက်များကို RFJ မှ ရှာဖွေနေပါသည်။
tech-worker-soldering

မြောက်ကိုရီးယား အလုပ်ကြမ်းသမားများ-

မြောက်ကိုရီးယားအစိုးရအတွက် ဝင်ငွေထုတ်လုပ်ပေးရန် မြောက်ကိုရီးယားပြင်ပသို့ အပို့ခံရသည့် မြောက်ကိုရီးယား နိုင်ငံသားများအကြောင်း သတင်းအချက်အလက်များကို RFJ မှ ရှာဖွေနေပြီး ၎င်းတို့အထဲတွင် ထိုသူတို့ကို အလုပ်ခန့်အပ်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ သို့မဟုတ် မြောက်ကိုရီးယားပြင်ပ၌ ၎င်းတို့၏လှုပ်ရှားမှုများကို အခြားနည်းဖြင့် ပံ့ပိုးပေးသူများ ပါဝင်ပါသည်။
money-on-table-min.jpg

ငွေကြေးခ၀ါချခြင်း-

“မြောက်ကိုရီးယားအစိုးရအား ပံ့ပိုးရန် ငွေကြေးခဝါချခြင်းအကြောင်း သတင်းအချက်အလက်များကို RFJ မှ ရှာဖွေနေပါသည်။ ၎င်းတွင် မြောက်ကိုရီးယားနှင့် ချိတ်ဆက်နေသည့် မည်သည့်နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းမဆို ပါဝင်ပတ်သက်နေသော ဗားကျူးဝဲ ငွေကြေးအပါအဝင် ငွေကြေးရွေ့လျားမှု၊ မြောက်ကိုရီးယားမှ အသုံးပြုသည့် သို့မဟုတ် မြောက်ကိုရီးယားအတွက် အသုံးပြုသည့် ပြည်ပရှိ မည်သည့်ဘဏ်စာရင်းများမဆို အပါအဝင်အပြင် မြောက်ကိုရီးယားကိုယ်စား လည်ပတ်နေပြီး နိုင်ငံတကာ ငွေကြေးစနစ်သို့ ဝင်ရောက်နိုင်သော မည်သည့်ဟန်ပြကုမ္ပဏီများ သို့မဟုတ် ဗန်းပြကုမ္ပဏီများမဆိုအကြောင်း သတင်းအချက်အလက်များ ပါဝင်နိုင်ပါသည်။”
needle-in-hand-min.jpg

မူးယစ်ဆေး၀ါးနှင့် အတုအပပြုလုပ်ခြင်း-

မြောက်ကိုရီးယားအစိုးရအား ပံ့ပိုးသည့် မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ ကုန်ပစ္စည်းများ သို့မဟုတ် ငွေကြေး အတုအပပြုလုပ်ခြင်းနှင့် ငွေသားအမြောက်အမြား မှောင်ခိုကူးခြင်းအကြောင်း သတင်းအချက်အလက်များကို RFJ မှ ရှာဖွေနေပါသည်။
luxury-purse.png

ဇိမ်ခံပစ္စည်းများ-

ကိုးရီးယား ဒီမိုခရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) သို့ ဇိမ်ခံပစ္စည်းများ ပို့ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းအကြောင်း သတင်းအချက်အလက်များကို RFJ မှ ရှာဖွေနေပြီး၊ ၎င်းတို့တွင် ဇိမ်ခံကားများ၊ ဒီဇိုင်နာ အဝတ်အစား၊ လက်ဝတ်ရတနာ၊ အရက်၊ ဆေးလိပ်၊ ရေမွှေး သို့မဟုတ် အစိုးရ၏ အခွင့်ထူးခံလူစုများအတွက် ဦးတည်နေနိုင်သည့် အလားတူပစ္စည်းများ ပါဝင်နိုင်ပါသည်။
men-at-computers-min.jpg

လူ့အခွင့်အရေးချိုးဖောက်မှုများ

မြောက်ကိုရီးယားအစိုးရ၏ ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း သတင်းအချက်အလက်များကို RFJ မှ ရှာဖွေနေပါသည်။

သတင်းအချက်အလက်များ

02

၂၀၁၆ ခုနှစ် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မူဝါဒ တိုးမြှင့်ရေး အက်ဥပဒေ (NKSPEA) ၏ ပုဒ်မ ၁၀၄(က) နှင့် ၁၀၄(ခ)(၁) တို့တွင် ဖော်ပြထားသည့် လုပ်ဆောင်မှုတွင် ပါဝင်ခဲ့သော မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမဆို၏ ငွေကြေးယန္တရားကို ဖြိုခွဲသည့် သတင်းအချက်အလက်အတွက် ဒေါ်လာ ၅ သန်းအထိ ဆုငွေကမ်းလှမ်းရန် ဤဌာနကို အထူးခွင့်ပြုထားပါသည်။ NKSPEA ၏ ပုဒ်မ ၁၀၄(က) သည် အောက်ပါတို့ ပြုလုပ်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပါသည်-

01
ထိခိုက်မှုများပြားစေနိုင်သည့် လက်နက်များ သို့မဟုတ် ထိုကဲ့သို့သော လက်နက်များကို ပစ်လွှတ်သည့် စနစ်များအတွက် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ သို့မဟုတ် နည်းပညာတို့ကို အသုံးပြုသဖြင့် အမေရိကန် ပြည်ထောင်စုမှ ပြည်ပသို့တင်ပို့ခြင်းကို ထိန်းချုပ်ထားသော မည်သည့်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ သို့မဟုတ် နည်းပညာမဆိုကို သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မြောက်ကိုရီးယားအတွင်း တင်သွင်းခြင်း သို့မဟုတ် မြောက်ကိုရီးယားမှ တင်ပို့ခြင်း သို့မဟုတ် ပြန်လည် တင်ပို့ခြင်းနှင့် မည်သည့် ပုဂ္ဂိုလ်မဆိုမှ ညူကလီးယား၊ ဓာတ်မှန်ရောင်ခြည်၊ ဓာတု သို့မဟုတ် ဇီဝ လက်နက်ပစ္စည်း သို့မဟုတ် ထိုကဲ့သို့သော လက်နက်ပစ္စည်းအား ပစ်လွှတ်ရန် အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း စီမံထားသည့် မည်သည့် ကိရိယာ သို့မဟုတ် စနစ်မဆိုကို အသုံးပြုခြင်း၊ ပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပိုင်ဆိုင်ခြင်း သို့မဟုတ် ရယူခြင်းတွင် အရေးပါစွာ ပါဝင်ကူညီခြင်း၊
02
မြောက်ကိုရီးယားသို့၊ မြောက်ကိုရီးယားအတွင်း သို့မဟုတ် မြောက်ကိုရီးယားမှ ထိုကဲ့သို့သော လက်နက်၊ ကိရိယာ သို့မဟုတ် စနစ်ကို တင်သွင်းရန်၊ တင်ပို့ရန် သို့မဟုတ် ပြန်လည်တင်ပို့ရန် သင်တန်းများ၊ အကြံပေးချက်များ သို့မဟုတ် အခြားဝန်ဆောင်မှုများ သို့မဟုတ် အကူအညီများ ပေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် အသုံးပြုခြင်းနှင့် ဆက်နွှယ်၍ အရေးပါသည့် ငွေကြေးလွှဲပြောင်းမှုများတွင် ပါဝင်ခြင်းတို့ကို သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်း၊
03
မြောက်ကိုရီးယားသို့၊ မြောက်ကိုရီးယားအတွင်းသို့ သို့မဟုတ် မြောက်ကိုရီးယားမှ ဇိမ်ခံပစ္စည်းများကို သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တင်သွင်းခြင်း၊ တင်ပို့ခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်း၊
04
မြောက်ကိုရီးယားအစိုးရ၏ ဆင်ဆာလုပ်ခြင်းတွင် သိလျှက်နှင့်တမင် ပါဝင်ခြင်း၊ ယင်းအတွက် တာဝန်ရှိခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်း၊
05
မြောက်ကိုရီးယားအစိုးရ၏ ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် သိလျှက်နှင့်တမင် ပါဝင်ခြင်း၊ ယင်းအတွက် တာဝန်ရှိခြင်း၊ သို့မဟုတ် ပံ့ပိုးပေးခြင်း၊
06
သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မြောက်ကိုရီးယားအစိုးရ သို့မဟုတ် ထိုအစိုးရအတွက် ဆောင်ရွက်ပေးသည့် သို့မဟုတ် ကိုယ်စားပြုသည့် မည်သည့်အဆင့်မြင့်အရာရှိ သို့မဟုတ် ပုဂ္ဂိုလ်မဆိုအား ပံ့ပိုးသည့် ငွေကြေးခဝါချခြင်း၊ ကုန်ပစ္စည်းများ သို့မဟုတ် ငွေကြေး အတုအပ ပြုလုပ်ခြင်း၊ ငွေသားအမြောက်အမြား မှောင်ခိုခြင်း၊ သို့မဟုတ် မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊
07
မြောက်ကိုရီးယားအစိုးရ၏ကိုယ်စား နိုင်ငံခြားသားများ၊ နိုင်ငံခြားအစိုးရများ သို့မဟုတ် အခြားအဖွဲ့အစည်းများအား တိုက်ခိုက်သည့် ကွန်ပျူတာ ကွန်ရက်များ သို့မဟုတ် စနစ်များကို အသုံးပြု၍ ဆိုင်ဘာလုံခြုံရေးကို လျော့ပါးစေသည့် အရေးပါသော လှုပ်ရှားမှုများတွင် သိလျှက်နှင့်တမင် ပါဝင်ခြင်း၊
08
အမြောက်အမြား ထိခိုက်စေနိုင်သော လက်နက်များနှင့် ထိုကဲ့သို့သော လက်နက်များကို ပစ်လွှတ်သည့် စနစ်များနှင့် တိုက်ရိုက် ဆက်နွှယ်သည့် စက်မှုလုပ်ငန်းစဉ်များ၊ အခြားသော တစ်ဟုန်ထိုး တိုးပွားစေသည့် လှုပ်ရှားမှုများတွင် အသုံးပြုရန်၊ မြောက်ကိုရီးယား ပြည်ပအပါအဝင်၊ ပြည်တွင်းလုံခြုံရေး သို့မဟုတ် ထောက်လှမ်းရေး လှုပ်ရှားမှုများ သို့မဟုတ် နိုင်ငံရေးအကျဉ်းစခန်းများ သို့မဟုတ် အဓမ္မခိုင်းစေသည့် စခန်းများကို လည်ပတ်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့၌ အသုံးပြုရန် အဖိုးတန်သတ္တု၊ ဂရက်ဖိုက်၊ ကုန်ကြမ်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း အချောထည်ဖြစ်သည့် သတ္တုများ သို့မဟုတ် ဒန်သတ္တု၊ စတီး၊ ကျောက်မီးသွေး သို့မဟုတ် ဆော့ဖ်ဝဲတို့ကို မြောက်ကိုရီးယားအစိုးရ သို့မဟုတ် ထိုအစိုးရအတွက် သို့မဟုတ် ထိုအစိုးရကိုယ်စား ဆောင်ရွက်သည့် မည်သူမဆို၊ ကိုရီးယား အလုပ်သမားများပါတီ၊ လက်နက်ကိုင် အင်အားစုများ စသည်တို့အား သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရောင်းချခြင်း၊ ပေးသွင်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊
09
(22 U.S.C. § 2794 တွက် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း) မည်သည့်လက်နက်များ သို့မဟုတ် ဆက်နွှယ်သည့်ပစ္စည်း သို့မဟုတ် ကာကွယ်ရေးပစ္စည်း သို့မဟုတ် ကာကွယ်ရေး ဝန်ဆောင်မှုကိုမဆို မြောက်ကိုရီးယားသို့၊ မြောက်ကိုရီးယားအတွင်း သို့မဟုတ် မြောက်ကိုရီးယားမှ သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သို့မဟုတ် ပြန်လည်၍တင်ပို့ခြင်း၊
10
မြောက်ကိုရီးယားထံမှ ရွှေ၊ တိုင်တေးနီယမ် သတ္တုရိုင်း၊ ဗနေဒီယမ် သတ္တုရိုင်း၊ ကြေးနီ၊ ငွေ၊ နီကယ်၊ သွပ် သို့မဟုတ် မြေရှားသတ္တုများ ပမာဏမြောက်မြားစွာကို သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဝယ်ယူခြင်း သို့မဟုတ် အခြားနည်းဖြင့် ရယူခြင်း၊
11
(မြောက်ကိုရီးယားပြင်ပရှိ အရပ်ဘက် ခရီးသည်တင်လေယာဉ်မှ မြောက်ကိုရီးယားသို့ သို့မဟုတ် ၎င်းမှအပြန် ပျံသန်းချိန်အတွင်း အသုံးပြုရန်အတွက် သီးသန့်မှလွဲ၍) ဒုံးပျံ၊ လေယာဉ် သို့မဟုတ် ဂျက်လောင်စာဆီ ပမာဏမြောက်မြားစွာကို သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မြောက်ကိုရီးယားထံ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊
12
သက်ဆိုင်ရာ သမ္မတအမိန့် သို့မဟုတ် သက်ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ သတ်မှတ်ထားသည့်၊ သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ၏အမိန့် သို့မဟုတ် သက်ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ သတ်မှတ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးမှ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် ရေယာဉ် သို့မဟုတ် လေယာဉ်တစ်စင်းကို မောင်းနှင်ရန် သို့မဟုတ် ထိန်းသိမ်းရန် လောင်စာဆီ သို့မဟုတ် ပံ့ပိုးပစ္စည်းများ ပမာဏအမြောက်အမြား ပေးခြင်း၊ သင်္ဘောလောင်စာ ဝန်ဆောင်မှုများ ပေးခြင်း၊ သို့မဟုတ် လုပ်ငန်းကိစ္စ သို့မဟုတ် လုပ်ကိစ္စများကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်း၊
13
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ သီးခြားခွင့်ပြုထားသည့် အခါမှလွဲ၍၊ မြောက်ကိုရီးယား အစိုးရပိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် ရေယာဉ်တစ်စင်းအား သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ အာမခံခြင်း၊ မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ခြင်းကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခြင်း၊ သို့မဟုတ် အာမခံ သို့မဟုတ် မှတ်ပုံတင်ခြင်းအတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊
14
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ သီးသန့်ခွင့်ပြုထားသည့် အခါမှလွဲ၍ သိလျှက်နှင့်တမင်၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ (22 U.S.C. § 9221a(d)(1) တွင် သတ်မှတ်ထားသည့်အတိုင်း) မြောက်ကိုရီးယား၏ မည်သည့်ဘဏ္ဍာရေး အဖွဲ့အစည်းမဆိုနှင့် အဆက်အသွယ်စာရင်းတစ်ရပ် ထားရှိခြင်း၊ သို့မဟုတ်
15

အထက်ပါ အပိုဒ် (၁) မှ (၁၄) အထိတွင် ဖော်ပြထားသည့် မည်သည့်လုပ်ဆောင်ချက်တွင်မဆို သိလျှက်နှင့်တမင် ပါဝင်ရန် ကြိုးပမ်းမှုများ။

ဌာန

03

မြောက်ကိုရီးယားအစိုးရ၏ ညွှန်ကြားချက် သို့မဟုတ် ထိန်းချုပ်မှုအရ ကွန်ပျူတာ လိမ်လည်မှုနှင့် အလွဲသုံးစားမှု အက်ဥပဒေ (“CFAA”)၊ 18 U.S.C. § 1030၊ ချိုးဖောက်မှုတစ်ရပ်ကို အားပေးကူညီသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဖော်ထုတ်စေနိုင်သည့် သတင်းအချက်အလက်အတွက် ဒေါ်လာ ၅ သန်းအထိ ဆုငွေများ ကမ်းလှမ်းရန်လည်း ဤဌာနအား ခွင့်ပြုထားပါသည်။ ကွန်ပျူတာ လိမ်လည်မှုနှင့် အလွဲသုံးစားမှု အက်ဥပဒေသည် CFAA ကို ချိုးဖောက်သည့် မည်သည့် လုပ်ဆောင်ချက်မဆိုအကြောင်း သတင်းအချက်အလက်များ ရှာဖွေနေပြီး၊ အောက်ပါတို့နှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကို အထူးတလည် စိတ်ဝင်စားသော်လည်း ၎င်းတို့ကိုသာ စိတ်ဝင်စားသည် မဟုတ်ပါ-

01
အချက်အလက်များခိုးယူရန် ရည်ရွယ်ချက်ဖြင့် ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကွန်ပျူတာများနှင့် ကွန်ရက်များအတွင်း ခွင့်ပြုချက်မရဘဲ ချင်းနင်းဝင်ရောက်မှုများ၊
02
ဖျက်လိုဖျက်ဆီး ဆော့ဖ်ဝဲများကို ပေးပို့ခြင်း၊
03
ငွေပေးမှ ကွန်ပျူတာပြန်သုံးနိုင်စေသည့် ဆော့ဖ်ဝဲများကို ဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်း၊
04
18 U.S.C. §§ 1030(a)(2)၊ (a)(3)၊ (a)(5) နှင့် (a)(7) တို့အရ တားမြစ်ထားသည့်အတိုင်း၊ လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ထံမှ ငွေ သို့မဟုတ် တန်ဖိုးရှိသည့် မည်သည့်အရာကိုမဆို အတင်းအကျပ် တောင်းယူရန် ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာနှင့် ပတ်သက်၍ ဖျက်ဆီးရန်၊ အချက်အလက်ရယူရန် သို့မဟုတ် တစ်စုံတစ်ခု တောင်းဆိုရန် ခြိမ်းခြောက်မှုများ ပေးပို့ခြင်း၊

ပိုစတာများ

04

မြောက်ကိုရီးယား၏ တရားမဝင်လှုပ်ရှားမှုများကို ဖြိုခွဲရန် နိုင်ငံတကာ၏ ကြိုးပမ်းချက်များကို ပံ့ပိုးရန်အတွက် နိုင်ငံခြားရေး ဌာန၏ တရားမျှတမှုအတွက်ဆုငွေများ အစီအစဉ် (RFJ) သည် ငွေကြေးခဝါချခြင်း၊ မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများ တင်ပို့ခြင်း၊ ထိခိုက်မှုများပြားစေနိုင်သည့် လက်နက်များ (WMD) တစ်ဟုန်ထိုး တိုးပွားလာခြင်းကို ပံ့ပိုးသည့် သတ်မှတ်ထားသော ဆိုင်ဘာ လှုပ်ရှားမှုနှင့် လုပ်ဆောင်ချက်များ အပါအဝင်၊ မြောက်ကိုရီးယားအား ပံ့ပိုးသည့် လှုပ်ရှားမှုအချို့၌ ပါဝင်သူများ၏ ငွေရေးကြေးရေးယန္တရားကို ဖြိုခြဲသည့် သတင်းအချက်အလက်များအတွက် ဒေါ်လာ ၅ သန်းအထိ ဆုငွေများ ကမ်းလှမ်းနေပါသည်။

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

သတင်းပေးရန်

သင့်အပိုင်းကို လုပ်ဆောင်ပါ။ ပိုမိုဘေးကင်းသော ကမ္ဘာတစ်ခု ရယူပါ။

သတင်းပေးရန် နည်းလမ်းများစွာရှိပါသည်။

ပလက်ဖောင်းအမျိုးမျိုးမှ သင်ရွေးချယ်၍ ကျွန်ုပ်တို့ကို ဘာသာစကား အမျိုးမျိုးဖြင့် ဆက်သွယ်နိုင်ပါသည်။ သင်၏သတင်းအချက်အလက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ရန်၊ သင်၏ အချက်အလက်ကို တတ်နိုင်သမျှ တိုတောင်းစွာဖော်ပြရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်၊ သင့်အမည်၊ တည်နေရာနှင့် နှစ်သက်သည့် ဘာသာစကားတို့ကို ပေးပြီး ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် သင်၏သတင်းအချက်အလက်ကို ပံ့ပိုးမည့် သက်ဆိုင်သည့် ဖိုင်အားလုံးကို တင်သွင်းပါ။ RFJ ကိုယ်စားလှယ်တစ်ဦးမှ သင့်အား မကြာမီဆက်သွယ်ပါမည်။ RFJ သည် ကျွန်ုပ်တို့လက်ခံရရှိသည့် သတင်းပေးချက်တိုင်းကို ဖတ်ရှုသည့်အတွက် ကျေးဇူးပြု၍ စိတ်ရှည်ပေးပါ။

ဘာသာစကားများ

Skip to content