အမေရိကန်ပြည်ထောင်စုအစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်

ဤအစီအစဥ်အကြောင်း အကျဥ်းချုပ်ဖော်ပြချက်

သင့်အပိုင်းကို လုပ်ဆောင်ပါ

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

ဤအစီအစဥ်အကြောင်း အကျဥ်းချုပ်ဖော်ပြချက်

ဤအစီအစဥ်အကြောင်း အကျဥ်းချုပ်ဖော်ပြချက်

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန၏ နိုင်ငံတော်လုံခြုံရေး ဆုငွေအစီအစဉ် RFJ ကို ၁၉၈၄ ခုနှစ် နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အက်ဥပဒေ၊ (22 U.S.C. § 2708 ၌ စနစ်တကျ ပေါင်းစုထားသော) ပြည်သူ့ဥပဒေ ၉၈-၅၃၃ အရ ချမှတ်ခဲ့ပါသည်။ နိုင်ငံခြားရေးဌာန၏ သံတမန်ရေးရာ လုံခြုံရေးဌာနမှ စီမံအုပ်ချုပ်သည့် RFJ ၏ လုပ်ငန်းတာဝန်မှာ အမေရိကန်သားများ၏ အသက်များနှင့် အမေရိကန် ပြည်ထောင်စု၏ အကျိုးစီးပွားကို ကာကွယ်ပြီး အမေရိကန် ပြည်ထောင်စု နိုင်ငံတော် လုံခြုံရေးကို အကျိုးပြုသည့် သတင်းအချက်အလက်များကို ရယူရန် ဆုငွေများ ကမ်းလှမ်းရန်ဖြစ်သည်။

၁၉၈၄ ခုနှစ်မှစ၍ ကွန်ဂရက်လွှတ်တော်သည် အောက်ပါ ကျယ်ပြန့်သည့် ကဏ္ဍသုံးရပ်ရှိ သတင်းအချက်အလက်များအတွက် ဆုငွေများကမ်းလှမ်းရန် RFJ ၏ ပြဋ္ဌာန်းဥပဒေ အာဏာများကို တိုးချဲ့ခဲ့ပါသည်-

  • အကြမ်းဖက်မှု
    .
    အောက်ပါတို့အတွက် သတင်းအချက်အလက်များ-
    • အမေရိကန်ပြည်ထောင်စု သို့မဟုတ် ပြည်ပရှိ အမေရိကန်နိုင်ငံသားများ သို့မဟုတ် အိုးအိမ်ခြံမြေအပေါ် နိုင်ငံတကာ အကြမ်းဖက်လုပ်ရပ်များလုပ်ရန် ကြံစည်သူ၊ ကျူးလွန်သူ၊ ကူညီသူ သို့မဟုတ် ကြိုးပမ်းသူအား ဖမ်းဆီးမှု သို့မဟုတ် ပြစ်မှုထင်ရှားစီရင်မှု ပြုလုပ်နိုင်စေသည့်
    • အစကတည်းက ထိုကဲ့သို့သော လုပ်ရပ်များ မပေါ်ပေါက်ရန် တားဆီးကာကွယ်သည့်
    • အဓိက အကြမ်းဖက်ခေါင်းဆောင်တစ်ဦးအား ဖော်ထုတ်ခြင်း သို့မဟုတ် ၎င်း၏တည်နေရာကို သိစေသည့်၊ သို့မဟုတ်
    • ပြည်ပအကြမ်းဖက်အဖွဲ့အစည်းများ၏ ငွေကြေးယန္တရားကို ဖြိုခွဲသည့် သတင်းများ။
  • ဆိုးသွမ်းသည့် ဆိုင်ဘာလုပ်ဆောင်ချက်
    အောက်ပါအတွက် သတင်းအချက်အလက်-
    • ပြည်ပအစိုးရတစ်ရပ်၏ ညွှန်ကြားချက် သို့မဟုတ် ထိန်းချုပ်မှုအရ ကွန်ပျူတာ လိမ်လည်မှုနှင့် တလွဲသုံးခြင်း အက်ဥပဒေ (“CFAA”)၊ 18 U.S.C. § 1030၊ ချိုးဖောက်မှုတစ်ရပ်အား ထောက်ပံ့ အားပေးကူညီသည့် မည်သည့်ပုဂ္ဂိုလ်မဆိုအား ဖော်ထုတ်သည့် သို့မဟုတ် ၎င်း၏တည်နေရာကို သိစေသည့် သတင်းအချက်အလက်။ ယင်းတွင် ရွေးကောက်ပွဲတွင် ပြည်ပမှ နှောင့်ယှက်မှု ပါဝင်ပါသည်။
  • မြောက်ကိုရီးယား
     
    အောက်ပါအတွက် သတင်းအချက်အလက်-
    • မြောက်ကိုရီးယားအစိုးရအား ပံ့ပိုးသည့် လုပ်ဆောင်ချက်အချို့တွင် ပါဝင်လုပ်ဆောင်သည့် ပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများ၏ ငွေကြေးယန္တရားများကို ဖြိုခွဲသည့်၊ သို့မဟုတ်
    • မြောက်ကိုရီးယားအစိုးရ၏ ညွှန်ကြားချက် သို့မဟုတ် ထိန်းချုပ်မှုအရ ကွန်ပျူတာ လိမ်လည်မှုနှင့် တလွဲသုံးခြင်း အက်ဥပဒေ (“CFAA”)၊ 18 U.S.C. § 1030၊ ချိုးဖောက်မှု တစ်ရပ်အား ထောက်ပံ့ အားပေးကူညီသည့် မည်သည့်ပုဂ္ဂိုလ်မဆိုအား ဖော်ထုတ်သည့် သို့မဟုတ် ၎င်း၏တည်နေရာကို သိစေသည့် သတင်းအချက်အလက်။ ယင်းတွင် ဆိုင်ဘာတိုက်ခိုက်မှုများနှင့် အမေရိကန် ပြည်ထောင်စု အစိုးရ၏ စနစ်များအတွင် ဝင်ရောက်ခြင်းတို့ ပါဝင်ပါသည်။

ဆုငွေကမ်းလှမ်းချက်များကို ကြော်ငြာခြင်း

နိုင်ငံခြားရေးဝန်ကြီးမှ ဆုငွေကမ်းလှမ်းချက်ကို ခွင့်ပြုသည်နှင့်တစ်ပြိုင်နက် RFJ သည် ယင်းကို ကြော်ငြာပြီး၊ ဆိုရှယ်မီဒီယာ၊ ဆိုရှယ်ချက်တ် အက်ပလီကေးရှင်းများနှင့် ရိုးရာ မီဒီယာများ အပါအဝင်၊ ကိရိယာအမျိုးမျိုးကို အသုံးပြုလျှက် ယဉ်ကျေးမှုအရ သင့်လျော်သည့် နည်းဖြင့် ပစ်မှတ်ထားသော ပရိသတ်များနှင့် ဆက်သွယ်လုပ်ကိုင်ပါသည်။

သတင်းပေးချက်များကို အရေးယူဆောင်ရွက်ခြင်း

RFJ ကြော်ငြာများသည် လူပုဂ္ဂိုလ်တို့အား ၎င်းတို့၏သတင်းအချက်အလက်များကို RFJ ၏ ဘာသာစကားအတိအကျဖြင့် သတင်းပေးသည့်လိုင်းများသို့ Signal၊ Telegram နှင့် WhatsApp အပါအဝင် အများအပြား ရရှိနိုင်ပြီး ဖုံးကွယ်ထားသည့် မက်ဆေ့ဂျ်ပို့သည့် အက်ပလီကေးရှင်းများမှတစ်ဆင့် တက်စ်မက်ဆေ့ဂျ် ပေးပို့ရန် ညွှန်ကြားပါသည်။ ၎င်းတို့၏သတင်းအချက်အလက်များကို အီးမေးလ်နှင့် ဆိုရှယ်မီဒီယာစာရင်းများမှလည်း တင်သွင်းနိုင်ပါသည်။

RFJ သည် သင့်တော်သည့် သတင်းအချက်အလက်များကို အမေရိကန် ပြည်ထောင်စု အစိုးရ၏ အခြားအဖွဲ့အစည်းများသို့ ဖြန့်ဝေပါသည်။
 

ဆုငွေများ ပေးချေခြင်း

သတင်းပေးသူတစ်ဦးပေးလိုက်သည့် သတင်းအချက်အလက်များကြောင့် ကောင်းမွန်သည့် ရလဒ်ရရှိပါက၊ ထိုအမှုအတွက် လုပ်ကိုင်နေသည့် အမေရိကန် ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ဆုငွေပေးချေရန်အတွက် ထိုသတင်းပေးသူအား အမည်တင်သွင်းရန် ဆုံးဖြတ်နိုင်ပါသည်။ ငွေပေးချေမှုအတွက် အမည်တင်သွင်းခြင်းများကို အဖွဲ့အစည်းအမျိုးမျိုး ပါဝင်သည့် ကော်မတီမှ ပြန်လည်သုံးသပ်ပြီးနောက် ငွေပေးချေခြင်း ပြုရေးမပြုရေး ဆုံးဖြတ်ရန် နိုင်ငံခြားရေးဝန်ကြီးထံသို့ ပေးပို့ပါသည်။

၁၉၈၄ ခုနှစ် တရားမျှတမှုအတွက် ဆုငွေများအစီအစဉ် စတင်ကတည်းက၊ အမေရိကန် ပြည်ထောင်စု အစိုးရသည် အကြမ်းဖက်သမားများအား အပြစ်ပေးခဲ့ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ သို့မဟုတ် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ခြင်းကို ဖြိုခွဲခြင်း၊ သို့မဟုတ် မြောက်ကိုရီးယား အစိုးရအား ပံ့ပိုးရန် တရားမဝင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သူများ၏ ငွေကြေးယန္တရားများ ကို ဖြိုခွဲခြင်းတို့ကို လုပ်ဆောင်နိုင်စေခဲ့သည့် သတင်းအချက်အလက်များ ပေးသည့် လူ 125 ကျော်ကို ဒေါ်လာသန်း 250 ကျော် ပေးခဲ့ပြီးပြီဖြစ်သည်။

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

သတင်းပေးရန်

သင့်အပိုင်းကို လုပ်ဆောင်ပါ။ ပိုမိုဘေးကင်းသော ကမ္ဘာတစ်ခု ရယူပါ။

သတင်းပေးရန် နည်းလမ်းများစွာရှိပါသည်။

ပလက်ဖောင်းအမျိုးမျိုးမှ သင်ရွေးချယ်၍ ကျွန်ုပ်တို့ကို ဘာသာစကား အမျိုးမျိုးဖြင့် ဆက်သွယ်နိုင်ပါသည်။ သင်၏သတင်းအချက်အလက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ရန်၊ သင်၏ အချက်အလက်ကို တတ်နိုင်သမျှ တိုတောင်းစွာဖော်ပြရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်၊ သင့်အမည်၊ တည်နေရာနှင့် နှစ်သက်သည့် ဘာသာစကားတို့ကို ပေးပြီး ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် သင်၏သတင်းအချက်အလက်ကို ပံ့ပိုးမည့် သက်ဆိုင်သည့် ဖိုင်အားလုံးကို တင်သွင်းပါ။ RFJ ကိုယ်စားလှယ်တစ်ဦးမှ သင့်အား မကြာမီဆက်သွယ်ပါမည်။ RFJ သည် ကျွန်ုပ်တို့လက်ခံရရှိသည့် သတင်းပေးချက်တိုင်းကို ဖတ်ရှုသည့်အတွက် ကျေးဇူးပြု၍ စိတ်ရှည်ပေးပါ။

ဘာသာစကားများ

Skip to content