အမေရိကန်ပြည်ထောင်စုအစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်

အယ်လ်ၡာဘာ့ဘ် (Al-Shabaab)

အာဖရိက - ဆဟာရတောင်ပိုင်း

သင့်အပိုင်းကို လုပ်ဆောင်ပါ

အယ်လ်ရှာဘာ့ဘ်သည် အာရေဗျကျွန်းစွယ်ရှိ အယ်လ်ခိုင်းဒါး (AQ) နှင့် အစ္စလာမ် မဂရက်ဘ်ရှိ AQ အပါအဝင် AQ ၏ အခြားအဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုရှိသည့် AQ အဖွဲ့အစည်း တစ်ရပ် ဖြစ်ပါသည်။ အယ်လ်ရှာဘာ့ဘ်သည် ၂၀၀၆ ခုနှစ် ဒုတိယပိုင်းအတွင်း ဆိုမာလီယာတောင်ပိုင်း ဒေသအချို့ကို သိမ်းပိုက်လိုက်သည့် ယခင် ဆိုမာလီ အစ္စလာမ် တရားရုံးများ ကောင်စီ၏ စစ်သွေးကြွဂိုဏ်း ဖြစ်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် ကုန်ဆုံးကတည်းက အယ်လ်ရှာဘာ့ဘ်နှင့် ၎င်းနှင့်ဆက်နွှယ်သည့် စစ်သွေးကြွများသည် ဆိုမားလီးယား၏ အသွင်ကူးပြောင်းရေး အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရန် ပြောက်ကျားစစ်ဆင်ရေးနှင့် အကြမ်းဖက် စစ်နည်းဗျူဟာများ အသုံးပြု၍ အကြမ်းဖက်သောင်းကျန်းမှုတွင် ပါဝင်ခဲ့ပါသည်။

အယ်လ်ရှာဘာ့ဘ်သည် ဆိုမားလီးယား၊ ကင်ညာ၊ ယူဂန်ဒါနှင့် ဂျဘူးတီတို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ အယ်လ်ရှာဘာ့ဘ်သည် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက် ကင်ပါလာမြို့၌ အသေခံဗုံးခွဲခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ကမ္ဘာဖလားပွဲအတောအတွင်း ဖြစ်ပေါ်ခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား တစ်ဦးအပါအဝင် လူ ၇၆ ဦး သေဆုံးခဲ့ပါသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင်၊ အယ်လ်ရှာဘာ့ဘ်သည် နိုင်ရိုဘီမြို့ရှိ Westgate Mall အပေါ် ကြီးမားသည့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ရက်များစွာ ၀ိုင်းထားခြင်းကြောင့် အရပ်သား အနည်းဆုံး ၆၅ ဦးသေဆုံးခဲ့သည့်အပြင် စစ်သားခြောက်ဦးနှင့် ရဲအရာရှိများနှင့် အခြား ရာပေါင်းများစွာသောသူတို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ် ဧပြီလတွင် အယ်လ်ရှာဘာ့ဘ်သည် ကင်ညာ၏ ဂရစ္စာတက္ကသိုလ် ကောလိပ်ကို လက်နက်ငယ်များ၊ လက်ပစ်ဗုံးများတို့နှင့် စီးနင်းတိုက်ခိုက်ခဲ့သဖြင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပါသည်။

၂၀၀၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင်၊ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ အယ်လ်ရှာဘာ့ဘ်အား ပြည်ပအကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၎င်းနောက် ၂၀၀၈ ခုနှစ် မတ်လ ၁၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ အယ်လ်ရှာဘာ့ဘ်အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ အယ်လ်ရှာဘာ့ဘ်၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား အယ်လ်ရှာဘာ့ဘ်နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ် ထားပါသည်။ ထို့အပြင် အယ်လ်ရှာဘာ့ဘ်အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

Please visit our Tor-based tips-reporting channel at: he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

သတင်းပေးရန်

သင့်အပိုင်းကို လုပ်ဆောင်ပါ။ ပိုမိုဘေးကင်းသော ကမ္ဘာတစ်ခု ရယူပါ။

သတင်းပေးရန် နည်းလမ်းများစွာရှိပါသည်။

ပလက်ဖောင်းအမျိုးမျိုးမှ သင်ရွေးချယ်၍ ကျွန်ုပ်တို့ကို ဘာသာစကား အမျိုးမျိုးဖြင့် ဆက်သွယ်နိုင်ပါသည်။ သင်၏သတင်းအချက်အလက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ရန်၊ သင်၏ အချက်အလက်ကို တတ်နိုင်သမျှ တိုတောင်းစွာဖော်ပြရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်၊ သင့်အမည်၊ တည်နေရာနှင့် နှစ်သက်သည့် ဘာသာစကားတို့ကို ပေးပြီး ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် သင်၏သတင်းအချက်အလက်ကို ပံ့ပိုးမည့် သက်ဆိုင်သည့် ဖိုင်အားလုံးကို တင်သွင်းပါ။ RFJ ကိုယ်စားလှယ်တစ်ဦးမှ သင့်အား မကြာမီဆက်သွယ်ပါမည်။ RFJ သည် ကျွန်ုပ်တို့လက်ခံရရှိသည့် သတင်းပေးချက်တိုင်းကို ဖတ်ရှုသည့်အတွက် ကျေးဇူးပြု၍ စိတ်ရှည်ပေးပါ။

သတင်းပေးရန် Signal အက်ပ်ကို ဖွင့်လိုက်ပါ

ထိုနံပါတ်သည် +1 202 702 7843

သတင်းပေးရန် Telegram အက်ပ်ကို ဖွင့်လိုက်ပါ

ထိုနံပါတ်သည် +1 202 702 7843

ကျွန်ုပ်တို့၏ Tor အခြေပြု သတင်းပေးသည့် ချယ်နယ်ကို ကျေးဇူးပြု၍ ၀င်ရောက်ကြည့်ရှုပါ-he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ဘာသာစကားများ

Skip to content