ကျွန်ုပ်တို့အကြောင်း
TOR ၏ အကောင်းဆုံး အလေ့အထများ-
The Onion Router (TOR) ဘရောက်ဇာကို အသုံးပြုစဉ် သင်၏ကိုယ်ရေးကိုယ်တာ လုံခြုံရေး တိုးမြှင့်ရန် နည်းလမ်းများစွာရှိပါသည်။ TOR အသုံးပြုခြင်းအပြင် ဝက်ဘ်၌ သင်၏အသွားအလာ လုံခြုံရေးကို ပိုမိုမြင့်မားစေရန် စိတ်ချရသည့် လျှို့ဝှက် ကွန်ပျူတာကွန်ရက် (Virtual Private Network -VPN) ဝန်ဆောင်မှုများကို အသုံးပြုရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ TOR ကိုအသုံးမပြုမီ မိမိနိုင်ငံ၏ပြင်ပရှိ ဆာဗာတည်နေရာတစ်ခုနှင့် ချိတ်ဆက်ခြင်းဖြင့် ဝက်ဘ်၌ သင်၏အသွားအလာကို စောင့်ကြည့်ခြင်းမှ ပိုမိုကာကွယ်ထားပါသည်။ TOR ဘရောက်ဇာအတွင်း၌ TOR အတွင်း (“ဘေးကင်းရေးနှင့် လုံခြုံရေး”) “safety and security” အပိုင်း၌ အကြံပြုထားသော နောက်ထပ် အစီအစဉ်စနစ်များ ရှိပါသည်။ ပထမအနေဖြင့် VPN ကို ခလုတ်ဖွင့်ပါ။ ထို့နောက်-
- TOR ဘရောက်ဇာကို စတင်ပါ
- TOR စက်တင်များအတွင်းသွားပြီး (“ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး”) “Privacy and Security” ကို ရွေးချယ်ပါ
- (“TOR ဘရောက်ဇာကို ပိတ်သည့်အခါ ကွတ်ကီးများနှင့် ဆိုက်ဒေတာကို ဖျက်ပါ”) “Delete cookies and site data when TOR browser is closed” ဟူသည့်အကွက်ကို အမှတ်အသားပြုပါ
- – (မှတ်တမ်း) History ဟူသည့်အပိုင်းရောက်အောင် အောက်သို့ရွှေ့လိုက်ပါ- စက်တင်များကို (“မည်သည့်အခါမျှ မှတ်တမ်းမထားပါနှင့်”) “Never remember history” ဟု ပြောင်းလိုက်ပါ
- (ခွင့်ပြုချက်များ) Permissions သို့ရောက်အောင် ရွှေ့လိုက်ပါ- ကင်မရာစစ်ဆေးရန် စက်တင်များ (“သင့်ကင်မရာထဲ ဝင်ရောက်ရန် တောင်းဆိုချက်အသစ်များကို ပိတ်ပင်ပါ”) “Block new requests asking to access your camera” တွင် ခလုတ်နှိပ်ပါ။ မိုက်ကရိုဖုန်းအတွက်လည်း ထိုသို့ပင် ပြုလုပ်ပါ။ ပိုမိုလုံခြုံရန်အတွက် သင့်ကိရိယာရှိ အရှေ့ကင်မရာကို တိပ်ပြား သို့မဟုတ် ပိတ်ပင်သည့်အရာတစ်ခုဖြင့် ဖုံးအုပ်ထားပါ။
- (လုံခြုံရေး) security သို့ရောက်အောင် ရွှေ့လိုက်ပြီး (“ဘေးအကင်းဆုံး”) “Safest” ကို ခလုတ်နှိပ်ပါ။ ထိုသို့ပြုလုပ်ပါက TOR အတွင်းရှိ လုပ်ဆောင်ချက်အချို့ကို မသုံးနိုင်သော်လည်း ဘေးအကင်းဆုံး ချိတ်ဆက်စေနိုင်ပါမည်။
- (HTTPS-သာ) HTTPS-Only စနစ်သို့ ပြောင်းလိုက်ပါ- ကွန်ပျူတာဖန်သားတွင် အကြောင်းအရာတစ်ခုချင်းပြသည့် အကွက်အားလုံးအတွက် (HTTPS-သာ စနစ်သုံးရန်) Enable HTTPS-Only ကို ခလုတ်နှိပ်ပါ။ ထိုသို့ပြုလုပ်ပါက သင်၏အချိတ်အဆက်အားလုံးကို ဝှက်ထားပြီး လုံခြုံကြောင်း သေချာစေပါမည်။
- (“ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး”) “Privacy and Security” အောက်ရှိ “TOR” စက်တင်အတွင်း ဝင်ရောက်ပါ
- (“ပေါင်းကူးတစ်ခု သုံးပါ”) “Use a bridge” ဟူသည့်အကွက်ကို ခလုတ်နှိပ်ပါ
- (“torproject.org ထံမှ ပေါင်းကူးတစ်ခု တောင်းဆိုပါ”) “Request a bridge from torproject.org” ကို ခလုတ်နှိပ်ပါ
- (လူနှင့်စက် ခွဲခြားရန်အတွက် လုပ်ဆောင်ခိုင်းသည့်အရာ) CAPTCHA တစ်ခုကို ထည့်သွင်းပါ
- https://coveryourtracks.eff.org နှင့် https://ipleak.net ကို အသုံးပြု၍ သင်၏ကွန်ပျူတာနှင့် ဝက်ဘ်၌ အသွားအလာများကို ထူးခြားစွာသိစေနိုင်သော မည်သည့်အခြားအချက်အလက်များ ရှိသေးကြောင်းကို စစ်ဆေးပါ။
TOR နှင့် တရားမျှတမှုအတွက် ဆုငွေများအစီအစဉ်ထံ TOR ၏ သတင်းပေးသည့် လိုင်းအား ဘေးကင်းစွာ ချိတ်ဆက်နိုင်သည့် နည်းလမ်းများ-
- သင်မှ ငွေပေးချေပြီး စိတ်ချရသည့် VPN ဝန်ဆောင်မှုကို သုံးပါ။ အခမဲ့ VPN ဝန်ဆောင်မှုများသည် အမြဲစိတ်ချရသည် မဟုတ်ပေ။
- စိတ်ချရသည့် VPN ဝန်ဆောင်မှုတစ်ခုကို အသုံးပြု၍ သင်မှ TOR ထံဝင်ရောက်နေသည့်နိုင်ငံ၏ ပြင်ပရှိ တည်နေရာတစ်ခုနှင့် သင်၏ကိရိယာကို ချိတ်ဆက်ပါ။
- TOR ဘရောက်ဇာကို စတင်ပါ။
- သင်မှ သင့်တော်သည်ဟု ယူဆသည့်အတိုင်း Configure TOR လုံခြုံရေးစက်တင်များကို စီစဉ်ပါ။
- ပိုမို၍လုံခြုံရန်အတွက်၊ ဤအချိတ်အဆက်က သင့်အိမ်၏တည်နေရာကို မသိရှိနိုင်စေဖို့ ကော်ဖီဆိုင် သို့မဟုတ် ဟော်တယ် ဧည့်သည်စောင့်ခန်းမှကဲ့သို့ ရုပ်အထည်နှင့်ရှိသော ပရောက်စီတစ်ခုကို အသုံးပြုပါ။
TOR နှင့်ပတ်သက်သည့် ဘေးကင်းလုံခြုံရေးအတွက် အချိတ်အဆက်များ-
- TOR ပေါင်းကူးများဆိုင်ရာ အချက်အလက်များ- https://tb-manual.torproject.org/bridges/.
- TOR လုံခြုံရေးဆိုင်ရာ အချက်အလက်များ- https://tb-manual.torproject.org/security-settings/.